Thursday, June 21, 2012

Desktop ပေါ် rightclick ထောက်လိုက်တဲ့အခါ Control Panel သို့သွားရန်ပြင်ဆင်ခြင်း





Control Panel ကို Right Click menu မှာ ထည့်ကြည့်မယ်လေ။ မြန်မာလို ရေးပြီးထည့်မယ်ဗျာ ။ ကြည့်လိုက်ပါဦး။


Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ Directory အတိုင်း Shell ကို ရှာပါတယ်။



HKEY_CLASSES_ROOT\Directory\Background\shell

Shell ကို Right-click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။



နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ မသိသေးတဲ့ လူတွေအတွက် ဒီမှာကျနော် ပုံတွေနဲ့တကွ ရေးထားပါတယ်။
ကျနော်ကတော့ “ Control Panel သို့သွားရန် ” ဆိုပြီး ပေးလိုက်ပါတယ်။




သူ့ကို Right click ထပ်လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ command လို့ နာမည်ပေးပါ။




command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။

rundll32.exe shell32.dll,Control_RunDLL


 

ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ 

အဆင်ပြေပါစေ။
နိုင်ထွန်းဦး

No comments:

Post a Comment