Thursday, June 14, 2012

နှောင်ကြိုးရှင်




စူးရှတဲ့ မျက်ဝန်းတစ်စုံရဲ့
အကြည့်နောက်ကွယ်မှာ
ဘယ်အရာတွေရှိမယ်ထင်လဲ
ကိုယ်မမှန်းဆရဲပါဘူး။

အကြိမ်ကြိမ်ရင်ခုန်ခဲ့ရတဲ့
ဒီမျက်ဝန်းတွေကို
ပိုင်ဆိုင်ခွင့်ရှိ/ မရှိ
ကိုယ်မတွေးရဲခဲ့ပါဘူး။

သေချာတာကတော့
ခံစားမှုများစွာပေးတတ်တဲ့
သူ့အကြည့်တွေထဲက
ရုန်းထွက်ဖို့ခက်ခဲ
ငြိတွယ်မှုတွေ တိုးပွားလို့
ချစ်တတ်ခြင်းတွေကို
မွေးဖွားစေခဲ့ပြီ။

No comments:

Post a Comment