- မူလစာမျက်နှာ
- မြန်မာ E-Book
- သတင်းများ
- ရင်ခုန်သံရပ်ဝန်း
- ဆရာညီနေမင်း
- Htmlနှင့်Blogဆိုတာ
- DeepFreeze6.5ဖြေရှင်းနည်း
- Dail Up Connection
- Domain Name နှင့် Website
- Download လုပ်နည်းများ
- Error များဖြေရှင်းခြင်း
- Download ဖိုင်ကိုပြန်ဖြေနည်း
- Hosting Siteတွင်ဖိုင်တင်နည်း
- iphoneနှင့်ပက်သက်သမျှ
- Windows ပြဿနာများ
- Network ပြဿနာများ
- Photoshop Tutorialများ
- Proxy Websiteများ
- Websiteပိတ်နည်းများ
- movie ရှင်းပြချက်များ
- ကျော်လွားခြင်းနည်းလမ်းများ
- နည်းပညာ Website များ
ကွန်ပျူတာနည်းပညာ Websites များ
- မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
- မြန်မာ IT နည်းပညာဖွံဖြိုးတိုးတက်ရေး
- နည်းပညာတို့ရဲ့ ဆုံမှတ်များ (ကိုမြတ်)
- ဆရာကျောင်း ( Multiply )
- ကွန်ပျူတာနည်းပညာ (ညီနေမင်း)
- rounter setting ထဲဝင်ပြင်ချင်တယ်ဆိုရင် (ညီနေမင်း)
- Myanmar Multiply Group (ကိုကြည်နိုင်၊ ကျုံတိုင်းရွာ)
- HTLM နှင့် CSS လေ့လာရန်လမ်းညွှန်
- G talk အမြန်ဖွင့်နိုင်တယ်
- Multiply Group SayarKyaung (ကိုကြည်နိုင်၊ ကျုံတိုင်းရွာ)
- CO.CC ထံမှ domain name တစ်ခုရယူခြင်း
Pages
Thursday, March 15, 2012
Mobile Phone မလိုဘဲ gmail account ဖွင့်နည်း
ဒီပို့စ်လေးတင်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းမှ
အင်တာနက်အသုံးပြုနေကြတဲ့ ညီအကိုသူငယ်ချင်းအပေါင်းတို့ လတ်တလော
ကြုံတွေ့နေရတဲ့ gmail account အသစ်ဖွင့်မရတဲ့ပြဿနာလေးကို
အဆင်ပြေစေချင်တဲ့သဘောနဲ့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် .
လတ်တလော မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူတွေ အနေနဲ့ကြုံတွေ့နေရတဲ့
gmail account အသစ်ဖွင့်ရာမှာ mobile phone မရှိပဲ new gmail account
ဖွင့်မရတော့လောက်အောင်ဖြစ်နေတဲ့ပြဿနာကမိမိတို့၏
အင်တာနက်ကွန်နက်ရှင်နဲ့ လုံးဝမပက်သက်ပါဘူး Google service ကဖောင်းပွနေတဲ့
သူတို့ရဲ့ လုပ်ငန်းကိုထိန်းသိမ်းတဲ့ အနေနဲ့ လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်..
အထင်ပြောရမယ်ဆိုရင် အကယ်၍ mobile phone ရှိငြားသော်လည်း
မြန်မာပြည်တွင်းနေလူတစ်ယောက်အဖို့ gmail account အသစ်တစ်ခု ဖွင့်ဖို့က လွယ်ကူမည်မထင်ပါ။
အကြောင်းကတော့
Google service မှ activation sms code ပို့ဆောင်ပေးတဲ့ နိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံမပါလို့ပါပဲ....
မြန်မာပြည်တွင်း အချို့နေရာတွေမှာတော့ gmail account အသစ်ဖွင့်ရာမှာ အရင်မူလ
ပုံစံအတိုင်း sms activation code မတောင်းပဲ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်တယ်လို့သိရှိရပါတယ် ..
ကျွန်တော့်အမြင်ပြောရရင် ၄င်းအကောင့်များဟာ အများအားဖြင့်တော့
ပြုလုပ်ပြီး တစ်ရက်နှစ်ရက်အတွင်း အကောင့်
locked ကျသွားတာမျိုးဖြစ်နိုင်ပါတယ် ..အကောင့် Locked ကျပြီး activation
code ပြန်တောင်းမှာပါပဲ ..
ထိုကဲ့သို့ new gmail acc နဲ့ပက်သက်ပြီး
ပြဿနာအမျိုးမျိုးကြုံတွေ့နေကြရတဲ့ မြန်မာပြည်တွင်းနေ
အင်တာနက်သုံးစွဲသူအပေါင်းတို့အတွက် အခက်အခဲလေးပြေစေပြေကြောင်း
ဒီဆွေးနွေးချက်လေးကို တင်ပေးလိုက်ပါတယ် .. သိပြီးသားဆိုရင်
လဲသီးခံပြီးဖတ်ရှုပေးကြပါနော် :)
အဆင့် ၁ အနေနဲ့ -
သင်ဟာအကောင့်အသစ်ဖွင့် ချင်သူဆိုရင် အကောင့်ရှိတဲ့
သင့်သူငယ်ချင်းတစ်ဦးဦးထံမှ သင့်ထံကို gmail ကနေတစ်ဆင့် invite mail
ပို့ခိုင်းဖို့ လိုပါလိမ့်မယ် ..သင့်မှာ gmail account နှစ်ခု
အဆင့်သင့်ရှိနေတယ်ဆိုရင်တော့
အကောင့်တစ်ခုကနေ နောက်တစ်ခုကို invite mail ပို့ရင်လဲ
အဆင်ပြေနိုင်မယ်ထင်ပါတယ် အကောင်းဆုံးကတော့ သူငယ်ချင်းတစ်ယောက်ယောက်ဆီကနေ
ပို့ခိုင်းတာပိုကောင်းပါတယ် ..
(ပြည်ပနိုင်ငံ အသိသူငယ်ချင်းတစ်ယောက်ယောက်ဆီမှ invite
လုပ်ခိုင်းရင်ပိုအဆင်ပြေပါတယ်)
အဆင့် ၂ အနေနဲ့ -
invite mail ပို့ပုံလေးပါပဲ ဘာမှမခက်ပါဘူး gmail ကိုဖွင့်လိုက်တာနဲ့ left
column အောက်ဆုံးနားလောက်မှာ invite a friend ဆိုတဲ့ invite box
လေးပါရှိပါတယ် ထိုဘောက်စ်ကလေးကနေတစ်ဆင့်
မိမိဆီကို invite လုပ်ခိုင်းမယ်ဆိုရင် သူငယ်ချင်းကို မိမိအကောင့်ကို
ထိုဘောက်စ်ကလေးမှာ ရိုက်ထည့်ပြီး send invite ဆိုတာလေးကို
ကလစ်ပေးလိုက်ရုံပါပဲ invite လုပ်လို့ ပြီးသွားပြီဆိုရင်
အဲ့ဒီဘောက်လေးအောက်နားမှာပဲ
invite sent to.......(gmail acc name) ဆိုပြီးပေါ်လာပါလိမ့်မယ် ..
အဆင့် ၃ -
invite mail ပို့တဲ့အဆင့်ပြီးဆုံးသွားပြီဆိုတာနဲ့ အပို့ခံရတဲ့သူရဲ့ gmail
ထဲမှာ invite mail တစ်စောင်ရောက်လာပါလိမ့်မယ်၊ invite mail ကိုဖွင့်ပြီး အောက်နားလေးမှာ
Get started ဆိုတာလေးကိုပါလိမ့်မယ်၊ get started ကိုနှိပ်ပြီး gmail account ကိုဖွင့်လို့ရပါပြီး
့ new gmail acc ကို ဟိုအရင် gmail acc တွေဖွင့်သလိုပဲ ဖွင့်နိုင်ပါပြီခင်ဗျာ
(အကောင့်တော့ ဖွင့်တတ်ကြမယ်ထင်ပါတယ် :P နောက်တာ )
တစ်ခုသတိပေးချင်တာက အကောင့်အသစ်တစ်ခုဖွင့်လိုက်ပြီဆိုတာနဲ့
ထိုဖွင့်လိုက်တဲ့အကောင့်ထဲမှာ invite mail ပေးပို့ထားတဲ့သူရဲ့ အကောင့်က
auto ပါနေမှာဖြစ်ပါတယ် သင့်မေးလ်းကို invite လုပ်ထားတဲ့သဘောပေါ့ accept
or blocked သင့်သဘောအတိုင်းပါပဲ...
မြန်မာပြည်တွင်းက အကောင့်အသစ်ဖွင့်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ ညီအကို
သူငယ်ချင်းတို့အဆင်ပြေစေချင်တဲ့သဘောနဲ့ ကျွန်တော်သိတာလေးကိုဝေမျှပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment