Sunday, February 5, 2012

ဆန္ဒ


ဆန္ဒ...

ချစ်သူ
ကိုယ့်ရဲ့ အသည်းနှလုံးကို
နွေးထွေးကြင်နာတတ်တဲ့
မင်းရဲ့မေတ္တာနဲ့
ထွေးပိုက်ထားပေးပါ။

ချစ်သူ
ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို
အဆုံးအစမဲ့တဲ့
မင်းရင်ခွင်ထဲ
ခိုလှုံခွင့်ပေးပါ။

ချစ်သူ
ကိုယ့်ရဲ့အချစ်အားလုံးကို
မင်းရဲ့နှလုံးသားထဲ
တစ်နေရာမှာတော့
အသိအမှတ်ပြုလက်ခံထားပေးပါ။

 နိုင်ထွန်းဦး

1 comment:

  1. ဒီစာသားလေးကတော့ ကိုယ့်ရင်ထဲကနဲ့တစ်ထပ်တည်းပဲ။

    ReplyDelete