Showing posts with label Desktop ပေါ် rightclickထောက်လိုက်တဲ့အခါ Control Panel သို့သွားရန်ပြင်ဆင်ခြင်း. Show all posts
Showing posts with label Desktop ပေါ် rightclickထောက်လိုက်တဲ့အခါ Control Panel သို့သွားရန်ပြင်ဆင်ခြင်း. Show all posts

Thursday, June 21, 2012

Desktop ပေါ် rightclick ထောက်လိုက်တဲ့အခါ Control Panel သို့သွားရန်ပြင်ဆင်ခြင်း





Control Panel ကို Right Click menu မှာ ထည့်ကြည့်မယ်လေ။ မြန်မာလို ရေးပြီးထည့်မယ်ဗျာ ။ ကြည့်လိုက်ပါဦး။


Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ Directory အတိုင်း Shell ကို ရှာပါတယ်။



HKEY_CLASSES_ROOT\Directory\Background\shell

Shell ကို Right-click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။



နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ မသိသေးတဲ့ လူတွေအတွက် ဒီမှာကျနော် ပုံတွေနဲ့တကွ ရေးထားပါတယ်။
ကျနော်ကတော့ “ Control Panel သို့သွားရန် ” ဆိုပြီး ပေးလိုက်ပါတယ်။




သူ့ကို Right click ထပ်လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ command လို့ နာမည်ပေးပါ။




command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။

rundll32.exe shell32.dll,Control_RunDLL


 

ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ 

အဆင်ပြေပါစေ။
နိုင်ထွန်းဦး