Monday, March 19, 2012

ကွန်ပျူတာ screen ပေါ်မှာ ဓါတ်ပုံနှင့် Video record လုပ်မယ်

ကွန်ပျူတာ screen ပေါ်မှာ ရှိသမျှပုံတွေကို ဓာတ်ပုံအဖြစ် လိုအပ်သလိုရိုက်ယူဖို့ ဒီဆော့ဝဲကို တင်ပေးလိုက်ပါတယ်။ဓာတ်ပုံသာမကပဲ ဗွီဒီယိုဖိုင်အဖြစ်ပါ recording ရက်ကော့ဒင်းလုပ်ပေးနိုင်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာဒေါင်းယူပါ ။ 1.7 MB ပဲရှိပါတယ်။

Software ကို download ဆွဲချရန်။

ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် နောက်တနေရာ Ifile ကနေဒေါင်းယူပါ http://ifile.it/ya5pfdq


ဆော့ဝဲကို Rar ဖိုင်နဲ့  တင်လို့ ရတာကြောင့် ဒေါင်းလုလုပ်ပြီးရင် WinRAR နဲ့  ဖြေမှရမှာပါ။ ဆော့ဝဲဖိုင်ကို ထုတ်ယူပြီးရင် RUN ရမ်းစရာမလိုပါဘူး ။ Portable ဖိုင်ဖြစ်တာကြောင့် memory မန်မိုရီစတစ်ထဲမှာ ထည့်ယူသွားလို့ ရပါတယ်။ ဆော့ဝဲဖိုင်ကိုဖွင့်လိုက်ရင် အစိမ်းရောင်နှင့်အနီရောင်ကြက်ခြေခတ်ပုံ FSCapture ဆိုတာကို double click နှစ်ချက် ကလစ်လုပ်လိုက်ပါ ။ ဒါဆိုရင် Software ကိုစတင်အသုံးပြုလို့ရပါပြီ။

အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး

Saturday, March 17, 2012

G-mail Hacking!

ကျွန်တော်တို့ မြန်မာနိုင်ငံက အင်တာနက်ဆိုင်ကသာ အဲ့လို ဆော့ဝဲမျိုးသာရှိခဲ့လျှင် အနည်းနဲ့အမျှတော့ gmail password ပါသွားနိုင်ပါတယ်။အဲ့ software portable ထည့်ထားလျှင် ဆိုရင်ပေါ့။သူကလည်း key logger ကဲ့သို့ပဲ မထူးမခြားနားပါဘဲ။တစ်ချို့က gmail ကို hark ချင်ကြတယ်။ဘာကြောင့် hark ချင်ကြလဲတော့ ကျွှန်တော်လဲမပြောတက်ဘူး။

ကျွန်တော်က ကိုယ့်စက်က ဝင်သုံးသွားတဲ့ google password ကို ဒီကောင်လေးနဲ့ ဖော်ပြတာပါ။ သတိထားမိစေဖို့နဲ့ နောင်သူများစက်မှာ အလွယ်တကူ gtalk ကိုဖွင့်ပြီးမသုံးမိစေဖိုပါဘဲ ရည်ရွှယ်ပြီးရေးသားတာပါ။

http://securityxploded.com/download.php#networkpassworddecryptor
အရင်ဆုံး အပေါ်ကပေးထားတဲ့ လင့်ကနေ Google password Descryptor ကို down မယ်။ ပြီးရင် double clickနဲ့ဖွင့်မယ်။ StartRecoveryကိုနှိပ်ရင် ကိုယ့်စက်မှာ သုံးထားတဲ့ googlemails များထွက်ကျလာမယ်။



Password ကိုထပ်ဖော်ချင်ရင်တော့ Show Passowrd ကိုနှိပ်လိုက်ရင် အကုန်ထွက်ကျလာမယ်။


 Hackနည်းပေါင်းများစွာရှိပါတယ်။
ဝါသနာပါရင်နည်းနည်းပါးပါးလောက်ဝင်မွှေကြည့်ကြပါ။


HAPPY HACKIING.

အားလုံးအဆင်ပြေပါစေ။
 နိုင်ထွန်းဦး

Firefox ကိုပိုပြီးမြန်အောင် confinguration လုပ်ခြင်း

  • အရင်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ရဲ့ Address bar မှာ about:config  လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

  • I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒါလေးကိုကလစ်ပေးလိုက်ပါ။ 
  • သူရဲ့ browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီးရှာလိုက်ယုံပါပဲ။

  • အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီးရင် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။


  • နောက်ထပ် network.http.proxy.pipelining ကိုထပ်ရှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီးရင် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။

  • နောက်ထပ် network.http.pipelining.maxrequests ကိုထပ်ရှာပါ။တွေ့ ပြီဆိုရင် Right Click နှိပ်လိုက်ပါ။ပြီးရင် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
  •  နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေရာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့ရိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအရင်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ရပါလိမ့်မယ်။
အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး


Thursday, March 15, 2012

Mobile Phone မလိုဘဲ gmail account ဖွင့်နည်း


ဒီပို့စ်လေးတင်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းမှ
အင်တာနက်အသုံးပြုနေကြတဲ့ ညီအကိုသူငယ်ချင်းအပေါင်းတို့ လတ်တလော
ကြုံတွေ့နေရတဲ့ gmail account အသစ်ဖွင့်မရတဲ့ပြဿနာလေးကို
အဆင်ပြေစေချင်တဲ့သဘောနဲ့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် .

လတ်တလော မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူတွေ အနေနဲ့ကြုံတွေ့နေရတဲ့
gmail account အသစ်ဖွင့်ရာမှာ mobile phone မရှိပဲ new gmail account
ဖွင့်မရတော့လောက်အောင်ဖြစ်နေတဲ့ပြဿနာကမိမိတို့၏
အင်တာနက်ကွန်နက်ရှင်နဲ့ လုံးဝမပက်သက်ပါဘူး Google service ကဖောင်းပွနေတဲ့
သူတို့ရဲ့ လုပ်ငန်းကိုထိန်းသိမ်းတဲ့ အနေနဲ့ လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်..

အထင်ပြောရမယ်ဆိုရင် အကယ်၍ mobile phone ရှိငြားသော်လည်း
မြန်မာပြည်တွင်းနေလူတစ်ယောက်အဖို့ gmail account အသစ်တစ်ခု ဖွင့်ဖို့က လွယ်ကူမည်မထင်ပါ။

အကြောင်းကတော့
Google service မှ activation sms code ပို့ဆောင်ပေးတဲ့ နိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံမပါလို့ပါပဲ....

မြန်မာပြည်တွင်း အချို့နေရာတွေမှာတော့ gmail account အသစ်ဖွင့်ရာမှာ အရင်မူလ
ပုံစံအတိုင်း sms activation code မတောင်းပဲ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်တယ်လို့သိရှိရပါတယ် ..

ကျွန်တော့်အမြင်ပြောရရင် ၄င်းအကောင့်များဟာ အများအားဖြင့်တော့
ပြုလုပ်ပြီး တစ်ရက်နှစ်ရက်အတွင်း အကောင့်

locked ကျသွားတာမျိုးဖြစ်နိုင်ပါတယ် ..အကောင့် Locked ကျပြီး activation
code ပြန်တောင်းမှာပါပဲ ..

ထိုကဲ့သို့ new gmail acc နဲ့ပက်သက်ပြီး
ပြဿနာအမျိုးမျိုးကြုံတွေ့နေကြရတဲ့ မြန်မာပြည်တွင်းနေ
အင်တာနက်သုံးစွဲသူအပေါင်းတို့အတွက် အခက်အခဲလေးပြေစေပြေကြောင်း
ဒီဆွေးနွေးချက်လေးကို တင်ပေးလိုက်ပါတယ် .. သိပြီးသားဆိုရင်
လဲသီးခံပြီးဖတ်ရှုပေးကြပါနော် :)



အဆင့် ၁ အနေနဲ့ -

သင်ဟာအကောင့်အသစ်ဖွင့် ချင်သူဆိုရင် အကောင့်ရှိတဲ့
သင့်သူငယ်ချင်းတစ်ဦးဦးထံမှ သင့်ထံကို gmail ကနေတစ်ဆင့် invite mail
ပို့ခိုင်းဖို့ လိုပါလိမ့်မယ် ..သင့်မှာ gmail account နှစ်ခု
အဆင့်သင့်ရှိနေတယ်ဆိုရင်တော့

အကောင့်တစ်ခုကနေ နောက်တစ်ခုကို invite mail ပို့ရင်လဲ
အဆင်ပြေနိုင်မယ်ထင်ပါတယ် အကောင်းဆုံးကတော့ သူငယ်ချင်းတစ်ယောက်ယောက်ဆီကနေ
ပို့ခိုင်းတာပိုကောင်းပါတယ် ..

(ပြည်ပနိုင်ငံ အသိသူငယ်ချင်းတစ်ယောက်ယောက်ဆီမှ invite
လုပ်ခိုင်းရင်ပိုအဆင်ပြေပါတယ်)



အဆင့် ၂ အနေနဲ့ -

invite mail ပို့ပုံလေးပါပဲ ဘာမှမခက်ပါဘူး gmail ကိုဖွင့်လိုက်တာနဲ့ left
column အောက်ဆုံးနားလောက်မှာ invite a friend ဆိုတဲ့ invite box
လေးပါရှိပါတယ် ထိုဘောက်စ်ကလေးကနေတစ်ဆင့်

မိမိဆီကို invite လုပ်ခိုင်းမယ်ဆိုရင် သူငယ်ချင်းကို မိမိအကောင့်ကို
ထိုဘောက်စ်ကလေးမှာ ရိုက်ထည့်ပြီး send invite ဆိုတာလေးကို
ကလစ်ပေးလိုက်ရုံပါပဲ invite လုပ်လို့ ပြီးသွားပြီဆိုရင်
အဲ့ဒီဘောက်လေးအောက်နားမှာပဲ

invite sent to.......(gmail acc name) ဆိုပြီးပေါ်လာပါလိမ့်မယ် ..



အဆင့် ၃ -

invite mail ပို့တဲ့အဆင့်ပြီးဆုံးသွားပြီဆိုတာနဲ့ အပို့ခံရတဲ့သူရဲ့ gmail
ထဲမှာ invite mail တစ်စောင်ရောက်လာပါလိမ့်မယ်၊ invite mail ကိုဖွင့်ပြီး အောက်နားလေးမှာ

Get started ဆိုတာလေးကိုပါလိမ့်မယ်၊ get started ကိုနှိပ်ပြီး gmail account ကိုဖွင့်လို့ရပါပြီး



့ new gmail acc ကို ဟိုအရင် gmail acc တွေဖွင့်သလိုပဲ ဖွင့်နိုင်ပါပြီခင်ဗျာ

(အကောင့်တော့ ဖွင့်တတ်ကြမယ်ထင်ပါတယ် :P နောက်တာ )

တစ်ခုသတိပေးချင်တာက အကောင့်အသစ်တစ်ခုဖွင့်လိုက်ပြီဆိုတာနဲ့
ထိုဖွင့်လိုက်တဲ့အကောင့်ထဲမှာ invite mail ပေးပို့ထားတဲ့သူရဲ့ အကောင့်က
auto ပါနေမှာဖြစ်ပါတယ် သင့်မေးလ်းကို invite လုပ်ထားတဲ့သဘောပေါ့ accept
or blocked သင့်သဘောအတိုင်းပါပဲ...



မြန်မာပြည်တွင်းက အကောင့်အသစ်ဖွင့်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ ညီအကို
သူငယ်ချင်းတို့အဆင်ပြေစေချင်တဲ့သဘောနဲ့ ကျွန်တော်သိတာလေးကိုဝေမျှပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး

Shutdown Virus

Virus ဆိုပြီးလန့်မသွားနဲ့ဦး။ Shutdown လုပ်ရုံဘဲ။
ကွန်ပြူတာမှာ i.e browser မသုံးရအောင် လှည့်စားတဲ့နည်းပါ။

1.Desktop မှာ right click/new/shortcut ရွေးပါ။

2.shortcut windows မှာ shutdown -s -t 30 -c "Virus Detection. Computer is shutting down." ဟုရိုက်ပါ။ 30 နေရာမှာ မိမိ ကြာစေချင်တဲ့ အချိန်ပြောင်းနိုင်ပြီး ``.......``မှာ နှစ်သက်ရာ message ရေးနိုင်ပါတယ်။ Next ကိုနှိပ်ပါ။

3.Title windows မှာ Internet Explorer ကိုရိုက်ပါ။ Finish နှိပ်ပါ။

4.Desktop ပေါ်က Internet Explorer ကို icon ပြောင်းပါမယ်။
Right click/properties/shortcut/change icon ကို အဆင့်ဆင့်သွားပြီး i.e shortcut ကို ရွေးပေးပါ။
C:/Program Files/ Internet Explorer မှာရွေးရင်လည်းရပါတယ်။

5.ဒါဆို i.e icon ကိုနှိပ်ရင် virus warning ပေးပြီး စက္ကန့် ၃၀ အတွင်း shutdown ဖြစ်သွားပါမယ်။
cancel လုပ်မယ်ဆိုရင်တော့ windows key+R/shutdown -a ကိုသုံးပါ။

ဥာဏ်ကွန့်ပြီး သုံးနိုင်ပါတယ်။ Shutdown icon ပေါ့ဗျာ။


အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး

How to use Zawgyi on the G-talk

Gtalk မှာ ဇော်ဂျီနဲ့ ရေးမယ်ဆို zawgyi font n keyboard install လုပ်ပြီးသားဖြစ်ရမည့်အပြင် မိမိ နဲ့ အပြန်အလှန် ချတ်သူမှာလည်း ရှိနေရပါမယ်။
ရှိထားပြီ ဆိုရင်တော့ လွယ်ပါတယ်။ နည်းနည်း ပြင်လိုက်ရုံဘဲ။

Gtalk ရဲ့ setting/general/change font/zawgyi/ok ပြီးပြီဗျာ။ မြန်မာလိုချတ်တော့ ပိုပြီး စုံစစေ့စေ့ ပြောလို့ ကောင်းတာပေါ့။ 




PhotobucketPhotobucket 

အားလုံးအဆင်ပြေပါစေ။
နိုင်ထွန်းဦး

G-talk hack

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။ ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။
ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။






Zawgyi-one For Firefox Browser

Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...

Photobucket
ကဲရပါပြီ... မြန်မာလို... Firefox တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ...

Photobucket

အင်တာနက်ပေါ်မှ Web Page တွေကိုအမြန်ခေါ်တင်နိုင်ဖို့အတွက်

Internet Pages Load Faster
web page တွေ loading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။

ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။

အင်တာနက် Speed ကိုမြှင့်တင်ရအောင်

Speed Up Internet

နေ့ခင်းဘက်တွေမှာ မြောက်များလှစွာသော အင်တာနက်သုံးစွဲသူများကြောင့် ကွန်နက်ရှင် ကျဆင်းသွားပါတယ်။ အကြောင်းအရင်းများစွာရှိပေမယ့် တစ်ချို့အချက်တွေ ပြင်ဆင်ဖြည့်တင်းလိုက်ရင် မြန်နှုန်းမြင့် ရရှိလာနိုင်ပါတယ်။ စမ်းသုံးခဲ့သမျှ ပိုမြန် ပိုသွက်လာပါတယ်။


၁။ ။ Start/Run/GPEDIT.MSC/Computer Configuration/Administrative Template/Network/QoS packet scheduler ဟုအဆင့်ဆင့် သွားလိုက်ပါ။


      limite reserable bandwidth ကို double click လုပ်ပြီး ပေါ်လာသောboxမှာ enable/bandwidth     %  0 ဟုပြောင်းပေးလိုက်ပါ။ ကွန်နက်ရှင် တက်လာပါလိမ့်မယ်။


၂။ ။ Start/Run/regedit/Hkey current user/software//microsoft/windows/current version/internet setting ဟုအဆင့်ဆင့် သွားလိုက်ပါ။ "MaxConnectionPerServer"=dword:00000040
"MaxConnectionPer1_0Server"=dword:00000040 ကိုcreate လုပ်ပါ။ ဒီ registry file ကို run ခိုင်းရင်လည်း ရပါတယ်။

၃။ ။ Start/Run/cmd ဟုသွားပါ။ ipconfig/fluh dns ရိုက်ရ်ျ DNS ကိုရှင်းပစ်ပါ။

၎။ ။ browser မှ history,cookie and temporary ဖိုင်တွေရှင်းပစ်ပါ။

၅။ ။ connection booster တစ်ခုခုကိုသုံးပါ။ ဥပမာ limewire ကို patch လုပ်ထားလျှင် browser မှာ မြန်နှုန်းမြင့်လာပါတယ်။

ဒါဆိုပိုမြန်လာသလားစမ်းသပ်မယ်။ ဒီဆိုဒ်မှာ ကွန်နက်ရှင်ဘယ်လောက်ရှိလည်း စမ်းသပ်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါ။

ပြင်ဆင်ချက်။ ။ အမှတ်စဉ် ၃ ဧ။် "ipconfig/fluh dns" အား " ipconfig /flushdns " ဟုပြောင်းလည်း ရပါမည်။

Thursday, March 1, 2012

ကွန်ပျူတာ နည်းပညာလေ့လာလိုသူများအတွက် E-Book တွေရှိတဲ့နေရာ


ကွန်ပျူတာနည်းပညာရပ်များကို လေ့လာနေတဲ့သူတွေအတွက် မြန်မာလိုရေးသားထားတဲ့ E-Book
စာအုပ်တွေရှိတဲ့ နေရာကိုကျွန်တော်သိသလောက်ပြောပြပေးထားတာပါ။ အဆင်ပြေပါစေ။

ကွန်ပျူတာနည်းပညာများစွာကို မျှဝေပေးထားတဲ့ ကိုညီနေမင်း Website ဖြစ်သည်။

ကွန်ပျူတာနည်းပညာများစွာကို မျှဝေပေးထားတဲ့ ကိုကြည်နိုင်(ဆရာကျောင်း) Website ဖြစ်သည်။

အင်တာနက် စီစစ်ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေးစာအုပ်ဖြစ်ပါသည်။
ဒီနေရာလေးကို click လိုက်ပြီး download ဆွဲချလိုက်ပါ။

Network ချိတ်ဆက်နည်း စာအုပ်ဖြစ်ပါသည်။ ဒီနေရာလေးကို click လိုက်ပြီး download ဆွဲချလိုက်ပါ။

Network Essential (ဆရာဇော်လင်း  Youth Computer) download ဆွဲချရန်။

Complete Network Guide (ဆရာဇော်လင်း Youth Computer) download ဆွဲချရန်။

ှWindow Server 2008 (ဆရာဇော်လင်း Youth Computer) download ဆွဲချရန်။

Internet Security (မျိုးသူရ) download ဆွဲချရန်။

Bagan Net IP ချိတ်ဆက်နည်းကိုပုံနှင့်တကွရှင်းပြပေးထားတဲ့စာအုပ်။ download ဆွဲချရန်။

ရာမညဖိုးလပြည့်ရေးသားတဲ့ ccproxy စာအုပ်ပါ။ဖတ်ပြီးproxy တွေကိုလွယ်ကူစွာ
အသုံးပြုနိုင်ပါစေ။ကွန်နက်ရှင်ကျခြင်းမှကင်းလွတ်ကြပါစေ။  download ဆွဲချရန်။

Learning HTML(ကိုစေတန့်) download ဆွဲချရန်။

Learning CSS (ကိုစေတန့်) download ဆွဲချရန်။

CRACKER နည်းပညာကိုလေ့လာချင်တဲ့သူတွေအတွက် ကိုမျိုးမြင့်ထိုက် ရေးသားထားတဲ့
CRACKER လမ်းညွှန် (မြန်မာလိုစာအုပ်)ပါ။  download ဆွဲချရန်။

Cafezee အသုံးပြုနည်း(မြန်မာလို) download ဆွဲချရန်။

ကိုမျိုးသူရရေးပေးတဲ့ အဆင့်မြင့်အင်တာနက် အသုံးပြုနည်းစာအုပ်။ download ဆွဲချရန်။ 

ကိုမျိုးသူရရေးပေးတဲ့ Everyday Internet စာအုပ်။ download ဆွဲချရန်။

G-mail အသုံးပြုနည်းလျှို့ဝှက်ချက်များစာအုပ်။ download ဆွဲချရန်။ 

A+ စာမေးပွဲအတွက်သိထားသင့်တဲ့မေးခွန်းနှင့်အဖြေများစာအုပ်။ download ဆွဲချရန်။

Laptop ပြုပြင်နည်းနှင့်သိသင့်စရာများ။(သန်းထိုက် ရွှေရိပ်)။ download ဆွဲချရန်။ 

PHPBB (ကိုယ်ပိုင်ဖိုရမ်တစ်ခုတည်ဆောက်ခြင်း)  download ဆွဲချရန်။


ဆက်လက်တင်ဆက်ပေးသွားပါမည်။
နိုင်ထွန်းဦး